ပညာ့ရိပ်သာတည်ဆောက်ရေးအတွက် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား

ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ယာစီမံကိန်း တည်ဆောက်နိုင်ရေးအတွက် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခန်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဦးဇခေါင်ခမ်းရယ်နှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့မှ ပန္နက်ရိုက်တင်ပေးခဲ့ကြပါသည်။ 

Leave a comment

This website uses cookies and asks your personal data to enhance your browsing experience.