မြစ်ကြီးနားတက္ကသိုလ် သမိုင်းအကျဉ်းချုပ်
မြစ်ကြီးနားတက္ကသိုလ်သည် (၁၅.၇.၁၉၆၃) ခုနှစ်တွင် မြစ်ကြီးနားဥပစာကောလိပ် အမည်ဖြင့် စတင်မွေးဖွားလာခဲ့သည်။ (၂၅.၅.၁၉၇၇) ခုနှစ်တွင် မြစ်ကြီးနားဒေသကောလိပ်သို့ တိုးမြှင့်လာခဲ့သည်။ (၁.၄.၁၉၈၀) ခုနှစ်တွင် မြစ်ကြီးနားကောလိပ်အဖြစ် ပြောင်းလဲခဲ့သည်။ (၁၂.၂.၁၉၈၆) ခုနှစ်တွင် မြစ်ကြီးနားဒီဂရီကောလိပ်သို့ တိုးမြှင့်ခဲ့သည်။ (၂၀.၂.၁၉၉၈) ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်အဖြစ် တိုးမြှင့်ခဲ့ပါသည်။ မြစ်ကြီးနားတက္ကသိုလ်၏ အကျယ်အဝန်းမှာ (၂၂၀.၇၈၈) ဧကကျယ်ဝန်းပြီး မြစ်ကြီးနားမြို့နယ် ၊ စီတာပူရပ်ကွက်တွင် တည်ရှိပါသည်။
![thekachin thekachin](http://www.umkn.edu.mm/wp-content/uploads/2019/04/thekachin.jpg)
![y495_20120224174938 y495_20120224174938](http://www.umkn.edu.mm/wp-content/uploads/2019/04/y495_20120224174938.jpg)
1963
မြစ်ကြီးနားတက္ကသိုလ်သည် (၁၅.၇.၁၉၆၃) ခုနှစ်တွင် မြစ်ကြီးနားဥပစာကောလိပ် အမည်ဖြင့် စတင်မွေးဖွားလာခဲ့သည်။
![y495_20120224174938 y495_20120224174938](http://www.umkn.edu.mm/wp-content/uploads/2019/04/y495_20120224174938.jpg)
1977
(၂၅.၅.၁၉၇၇) ခုနှစ်တွင် မြစ်ကြီးနားဒေသကောလိပ်သို့ တိုးမြှင့်လာခဲ့သည်။ (၁.၄.၁၉၈၀) ခုနှစ်တွင် မြစ်ကြီးနားကောလိပ်အဖြစ် ပြောင်းလဲခဲ့သည်။
![y495_20120224174938 y495_20120224174938](http://www.umkn.edu.mm/wp-content/uploads/2019/04/y495_20120224174938.jpg)
1986
(၁၂.၂.၁၉၈၆) ခုနှစ်တွင် မြစ်ကြီးနားဒီဂရီကောလိပ်သို့ တိုးမြှင့်ခဲ့သည်။ (၂၀.၂.၁၉၉၈) ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်အဖြစ် တိုးမြှင့်ခဲ့ပါသည်။
- (၁) ထိရောက်သော သင်ကြားသင်ယူမှု စနစ်ဖန်တီးရန်
- (၂) လူမျိုး ၊ ဘာသာ ၊ လိင် ခွဲခြားမှု မရှိဘဲ ပညာသင်လိုစိတ်ရှိသော မည်သူမဆို လွတ်လပ်စွာ ပညာသင်နိုင်သည့် ဝန်းကျင်ကောင်းဖန်တီးရန်
- (၃) ပညာရေးနှင့် ပတ်သက်၍ ပြည်တွင်း ၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန်
- (၄) သက်ဆိုင်ရာပညာရပ် နယ်ပယ်အလိုက် အသိပညာ ၊ အတတ်ပညာများနှင့် ပြည့်ဝသော ကျောင်းသားလူငယ်များ မွေးထုတ်ပေးရန်
- (၅) ဒေသအကျိုးပြု အသုံးချသုတေသနများ ပေါ်ထွက်လာစေရန်
- (၆) မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်သူများအဖြစ် လေ့ကျင့်မွေးထုတ်ပေးရန်
- (၇) ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပြည်တွင်းပြည်ပ သက်မွေးပညာသင်ကျောင်းများနှင့် ချိတ်ဆက်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်
![](http://www.umkn.edu.mm/wp-content/uploads/2019/12/vision4-300x245.png)