မြစ်ကြီးနားတက္ကသိုလ်(အဝေးသင်သင်တန်း)

တက္ကသိုလ်မှ အဆင့်မြင့်ပညာရပ်များကို သင်ယူရာတွင် နေ့ကျောင်းတက်ရန်အခက်အခဲရှိသူများ၊ အလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေကြရင်း အဆင့်မြင့်ပညာရပ်များကိုသင်ကြားလိုသူများအတွက် အဝေးသင်ပညာရေးစနစ်ကိုအကောင် အထည်ဖော်ပေးခြင်းဖြစ်သည်။ သိပ္ပံဘာသာရပ်အထူးပြုများအတွက် လက်တွေ့သင်ကြားရေးကို စနေ၊တနင်္ဂနွေရုံးပိတ်ရက် များတွင် သင်ကြားပို့ချမှုများနှင့် အတူလေ့ကျင့်ပျိုးထောင်ပေးသည်။ ဝိဇ္ဇာဘာသာရပ်အထူးပြုများအတွက် အနီးကပ်ပို့ချ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လေ့ကျင့်ပေးသည်။ ဘာသာရပ်ဆိုင်ရာအသီးသီး၏ ပို့ချပေးသည့်သင်ခန်းစာများကို၊တီဗွီ၊ ရေဒီယိုများမှ ပို့ချပေးမှုများနှင့် တက်ရောက်နေသည့် ဘာသာရပ်တိုင်းအတွက် ဘာသာရပ်ဆိုင်ရာ လေ့ကျင့်ခန်းများ တင်သွင်းခြင်း(Assignment)စနစ်များဖြင့် တတ်မြောက်အောင်သင်ကြားပေးသော စနစ်ဖြစ်သည်။ ယခင်က စာပေးစာယူ သင်တန်းဖြင့် ပို့ချပေးသည့်အစီအစဉ်မှတစ်ဆင့် အဝေးသင်တက္ကသိုလ်များကို မန္တလေးနှင့်ရန်ကုန်တို့တွင် တည်ထောင်ပေး ခဲ့ပြီး မြစ်ကြီးနားတက္ကသိုလ်သည် မန္တလေးအဝေးသင်တက္ကသိုလ်၏ မြစ်ကြီးနားဌာနခွဲအနေဖြင့် တာဝန်ယူပို့ချသင်တန်း ပေးဆောင်ရွက်ခဲ့ရသည်။

ယခင် မန္တလေးအဝေးသင်တက္ကသိုလ် လက်အောက်ခံဌာနခွဲတစ်ခုအနေဖြင့် ၁၉၉၈ ခုနှစ်မှ စတင် သင်ကြားသင်ယူ ခဲ့ရာ၂၀၁၉ ပညာသင်နှစ်မှစ၍ မြစ်ကြီးနားတက္ကသိုလ်၊ သင်တန်းရေးရာဌာန လက်အောက်မှ အဝေးသင်ဌာနတစ်ခုနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ အဝေးသင်သင်တန်း သင်ကြားသင်ယူစနစ်ကိုလည်း စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

မျော်မှန်းချက်
တက္ကသိုလ်ပညာရပ်များဆည်းပူးရန် အခက်အခဲရှိသူများအား စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် မိမိဒေသ မိမိ အသိုက်အဝန်းကို အထောက်အပံ့ပြုသည့် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်
လုပ်ငန်းတာဝန်များ
စနေ၊တနင်္ဂနွေရုံးပိတ်ရက်များတွင် သိပ္ပံဆိုင်ရာဘာသာရပ်များအတွက် ပို့ချလက်တွေ့တန်းများဖြင့်လေ့ကျင့် တတ်မြောက်စေခြင်း၊ ဝိဇ္ဇာဘာသာရပ်များအတွက် အနီးကပ်ပို့ချသင်တန်းများ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် သင်ကြားရေးဆရာများနှင့် ကျောင်းသားများ ထိတွေ့ဆွေးနွေးနိုင်စေခြင်း၊ သင်ကြားရေးအထောက်အကူပြု စာအုပ်၊ စီဒီ၊ ရိုက်ကူးရေးထုတ်ဝေပို့ချမှုများဖြန့်ဝေပေးခြင်းဖြင့် သင်ကြားရေးကို ထိရောက်စွာ ဆောင်ရွက်ခြင်း။ စာစဉ်များအချိန်နှင့်တပြေးညီဖြေကြားပေးပို့စေခြင်းဖြင့် ဘာသာရပ်ဆိုင်ရာ နားလည်မှုအပေါ် အကဲခတ်မှတ်တမ်း တင် အမှတ်ပေးခြင်း။ စာမေးပွဲကျင်းပချိန်များ အချိန်ဇယားများ၊အောင်စာရင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေးခြင်း။နောင်တွင် ပိုမိုထိရောက်သော ကျောင်းအပ်နှံခြင်းစနစ်(online)စနစ်၊ ဘာသာရပ်ဆိုင်ရာ လေ့လာဖြေဆိုနိုင်သော စနစ်(Website မှတစ်ဆင့်)ဖြင့်ခေတ်မှီလွယ်ကူမြန်ဆန်စေရန်ကြိုးပန်းခြင်း။

ကျောင်းသားကျောင်းသူများ သိရှိလိုက်နာရမည့် အချက်များ

ဝိဇ္ဇာဘာသာရပ်များ သိပ္ပံဘာသာရပ်များ
  • မြန်မာစာ
  • အင်္ဂလိပ်စာ
  • ပထဝီဝင်
  • သမိုင်း
  • ဒဿနိကဗေဒ
  • စိတ်ပညာ
  • ဥပဒေပညာ
  • အရှေ့တိုင်းပညာ
  • ဓါတုဗေဒ
  • ရူပဗေဒ
  • သင်္ချာ
  • သတ္တဗေဒ
  • ရုက္ခဗေဒ၂၀၁၉ ပညာသင်နှစ် ဒုတိယနှစ်နှင့်အထက်သင်တန်းများမှာ စီးပွားရေးနှင့် စီးပွားစီမံအထူးပြုဘာသာရပ်များ ပါဝင်သည်။

၂၀၁၉ ပညာသင်နှစ် ဒုတိယနှစ်နှင့်အထက်သင်တန်းများမှာ စီးပွားရေးနှင့် စီးပွားစီမံအထူးပြုဘာသာရပ်များ ပါဝင်သည်။

  • ပထမနှစ်ကျောင်းသား၊ ကျောင်းသူများသည် အိမ်ထောင်စုမိတ္တူ (သို့မဟုတ်) အောင်လက်မှတ်မိတ္တူ (သို့မဟုတ်)      အမှတ်စာရင်းမိတ္တူ ပူးတွဲပေးရမည်။
  • ကျောင်းအပ်ပုံစံတွင် လိုင်စင်ဓါတ်ပုံ (၄) ပုံကပ်၍(၁) ပုံတွင် အမည်၊ ခုံအမှတ်ရေးပြီး ပူးတွဲပေးရမည်။
  • ဆံပင်အရောင်ဆိုးထားသောပုံများ လက်ခံမည်မဟုတ်ပါ။
  • (၆)လအတွင်းရိုက်ထားသောပုံဖြစ်ရမည်။
  • ကျောင်းသူများသည် မြန်မာအင်္ကျီဝတ်ဆင်ထားသောပုံဖြစ်ရမည်။
  • ကျောင်းသား၊ ကျောင်းသူများသည်ဆံပင်သပ်ရပ်မှုရှိရမည်။
  • ကျောင်းသားများသည် လည်ကတုံးအင်္ကျီ/ရှပ်အင်္ကျီဖြစ်ရမည်။
  • ကျောင်းမအပ်မီဘာသာပြောင်းလျှောက်လွှာလျှောက်ထားရမည်ဖြစ်ပြီးဘာသာပြောင်းခွင့်ရရှိပြီးမှသာ ကျောင်းဝင်   မှတ်ပုံတင်ရမည်ဖြစ်သည်။
  • ကျောင်းဝင်မှတ်ပုံတင်ပြီးပါက ဘာသာပြောင်းရွှေ့ခွင့်လုံးဝခွင့်ပြုမည်မဟုတ်ပါ။
  • အခြားတက္ကသိုလ်/ဒီဂရီကောလိပ်များသို့ပြောင်းရွှေ့မည့်ကျောင်းသား/ကျောင်းသူများသည် ကျောင်းပြောင်း ကိစ္စရပ်များကို အဝေးသင်သင်တန်းများဖွင့်လှစ်ပြီး(၂၁)ရက်အတွင်း အဝေးသင်ဌာနနှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
  • အိမ်ထောင်စုမူရင်းနှင့်မိတ္တူ(၂)စောင်
  • ရပ်ကွက်ထောက်ခံစာမူရင်းမိတ္တူ(၂)စောင်
  • ဓာတ်ပုံ (၄)ပုံ
  • ပြောင်းရွှေ့  မိန့်မူရင်းနှင့်မိတ္တူ(၂)စောင်
  • ပြောင်းရွှေ့  တာဝန်ထမ်းဆောင်သည့်ဌာနမှအကြီးအကဲ၏ ထောက်ခံချက်များပူးတွဲတင်ပြရမည်ဖြစ်ပါသည်။
  • ဝန်ထမ်းကတ်မိတ္တူပူးတွဲပါရှိရမည်။
  • အတန်းတင်စာမေးပွဲကို ပညာသင်နှစ် (၁)နှစ်လျှင် (၁)ကြိမ်သာ ပြုလုပ်မည်။ နောက်ဆက်တွဲ စာမေးပွဲနှင့် အရစ်ကျ စာမေးပွဲများမရပါ။
  • စာမေးပွဲဖြေဆိုခွင့်ရရန် အောက်ပါအချက်များနှင့် ပြည့်စုံရမည်။
  •  သင်တန်းဝင်ခွင့်ရရှိပြီးဖြစ်ခြင်း၊
  • သိပ္ပံဘာသာတွဲသင်တန်းများသည် သိပ္ပံလက်တွေ့သင်တန်းကို ပညာရေးအဖွဲ့က သတ်မှတ်ထား သည့်အတိုင်း ၇၅% တက်ရောက်ပြီးဖြစ်ခြင်း။
  • သတ်မှတ်ထားသော Assignment များကိုဖြေဆိုထားပြီးဖြစ်ခြင်း။
  • ပေးဆောင်ရမည့် သင်တန်းကြေးများ ပေးဆောင်ပြီးဖြစ်ခြင်း။
  • သတ်မှတ်သည့်အချိန်အတွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာ တင်သွင်းပြီးဖြစ်ခြင်း။
  • သင်တန်းသားတိုင်းသည် အဝေးသင်သင်တန်းတွင်ဘာသာပြောင်းလိုသည့်ကိစ္စ၊ ကျောင်းပြောင်းလိုသည့်ကိစ္စများကို မိမိသင်ကြားခွင့် ရရှိထားသောတက္ကသိုလ်၏ အဝေးသင်ဌာနခွဲများသို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက် ရန်ဖြစ်သည်။
  • အဝေးသင်သင်တန်း ဝင်ခွင့်ရရှိထားသူတစ်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်လိုပါက ကျောင်းဝင် မှတ်ပုံတင်ပြီးမှသာ နုတ်ထွက်ခွင့်ကို အဝေးသင်ဌာနခွဲသို့ စာမေးပွဲမတိုင်မီ လျှောက်ထားရမည်။
  • အဝေးသင်သင်တန်း၏ သင်ကြားရေးစနစ်ဖြင့် သင်တန်းနှစ်အသီးသီး တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ များသည် စာစဉ်များကို မပျက်မကွက်(မပျက်မကွက်)မိမိကိုယ်တိုင် ဖြေဆိုပြီး တင်သွင်းကြရမည်။
  • စာစဉ်များကို ဖြေဆိုပြီး သတ်မှတ်ရက်အတွင်း(စာစဉ်တင်သွင်းရန် နောက်ဆုံးရက်မတိုင်မီ) အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက Inc(Incomplete)ဟု သတ်မှတ်ပြီး စာမေးပွဲကျရှုံးမည်။
  • စာစဉ်များကို သင်တန်းသားကိုယ်တိုင် လက်ရေးဖြင့်သတ်မှတ်စာစဉ်အဖြေလွှာများပေါ်တွင် ဖြေဆိုရန်၊ အခြား သူများကို ဖြေခိုင်းထားသည်ကို စစ်ဆေးတွေ့ရှိရပါက စာစဉ်အမှတ်များအတွက် လုံးဝ အမှတ်ပေးမည်မဟုတ်ပါ။ စာမေးပွဲတွင် သင်တန်းသားဖြေဆိုသောလက်ရေးနှင့်တိုက်ဆိုင် စစ်ဆေးမည် ဖြစ်ပြီး ကွဲလွဲမှုရှိပါက စာစဉ်ဖြေဆိုမှုကို ပယ်ဖျက်မည်။
  • စာစဉ်များအတွက် ရရှိသောအမှတ်များကို စာမေးပွဲတွင်ရရှိသောအမှတ်များနှင့်ပေါင်း၍ အအောင်အရှုံး စဉ်းစား ဆုံးဖြတ်ပါမည်။
  • တက္ကသိုလ်စာမေးပွဲများတွင် မသမာသောနည်းများကို အသုံးပြုရန် ကြိုးစားအားထုတ်ခြင်းနှင့် ကျူးလွန်ခြင်းများတွေ့ရှိပါက အောက်ပါအတိုင်းအရေးယူမည်
  • စာမေးပွဲအခန်းအတွင်း စစ်မေးသည့်ဘာသာရပ်ကို မသမာသောနည်းဖြင့် ဖြေဆိုရန်မှတ်စု၊ စာရွက်စာတမ်း၊ စာအုပ်နှင့်အခြား ပစ္စည်းများ ယူဆောင်လာသည်ကိုတွေ့ရှိပါက ကူးယူခြင်းမပြုရသေးစေကာမူ သက်ဆိုင်ရာ ကျောင်းသားအားစာမေးပွဲဖြေဆိုခွင့်ကို ရပ်ဆိုင်း၍ ပညာသင်နှစ်(၁)နှစ် ကျောင်းမှထုတ်ပယ်မည်။
  • ကျောင်းသားတစ်ဦးသည် စာမေးပွဲဖြေဆိုပြီးအဖြေလွှာကို သက်ဆိုင်ရာကြီးကြပ်ရေးမှူးထံ မအပ်နှံဘဲ စာမေးပွဲ ခန်းပြင်ပသို့ ယူဆောင်သွားကြောင်းတွေ့ရှိပါက သက်ဆိုင်ရာကျောင်းသားအား စာမေးပွဲဖြေဆိုခွင့်ကို ရပ်ဆိုင်း၍ ပညာသင်နှစ် (၁)နှစ် ကျောင်းမှထုတ်ပယ်မည်။
  • ကျောင်းသားတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် ဖြေဆိုကြောင်း အထောက်အထား ခိုင်လုံစွာ တွေ့ရပါက ၎င်းအားစာမေးပွဲ ဖြေဆိုခွင့်ကိုရပ်ဆိုင်းပြီး စာမေးပွဲဖြေသည့် ပညာသင်နှစ်နှင့် နောက်ထပ် (၁)နှစ် စုစုပေါင်း(၂)နှစ် ကျောင်းမှထုတ်ပယ်မည်။
  • ကျောင်းသားတစ်ဦးသည် အသင့်ဖြေဆိုထားသော စာရွက်များကို အစားထိုးလဲလှယ် ကြားညှပ်၍လည်းကောင်း၊ အသင့်ဖြေဆိုထားသော အဖြေလွှာစာအုပ်ချင်းလဲလှယ်၍ လည်းကောင်း၊ မသမာသောနည်းဖြင့် စာမေးပွဲ ဖြေဆိုကြောင်းတွေ့ရှိရပါက စာမေးပွဲဖြေဆိုသည့်ပညာသင်နှစ်နှင့် နောက်ထပ်(၂)နှစ် စုစုပေါင်း(၃)နှစ် ကျောင်းမှ ထုတ်ပယ်မည်။
  • ကျောင်းသားတစ်ဦးသည် မိမိဖြေဆိုပြီးသော အဖြေလွှာစာရွက်ကို အခြားကျောင်းသား တစ်ဦးအား ပေး၍ ကူးယူခွင့်ပေးခြင်းနှင့် အခြားနည်းဖြင့်ကူညီခြင်းများကို တွေ့ရှိပါက အဖြေလွှာ(သို့မဟုတ်) ကူညီလက်ခံ ရယူသော ကျောင်းသားနှင့် အဖြေလွှာ(သို့မဟုတ်) အကူအညီပေးသော ကျောင်းသားနှစ်ဦးစလုံးအား စာမေးပွဲဖြေဆိုခွင့် ရပ်ဆိုင်းပြီး စာမေးပွဲဖြေသည့် ပညာသင်နှစ်နှင့် နောက်ထပ်(၂)နှစ်စုစုပေါင်း(၃)နှစ်ကျောင်းမှ ထုတ်ပယ်မည်။
  • ကျောင်းသားတစ်ဦးသည် စာမေးပွဲဖြေဆိုပြီးသွားသော အခြားကျောင်းသားတစ်ဦး၏အဖြေလွှာကို မိမိအဖြေလွှာနှင့် လဲယူပြီးထိုလဲယူထားသော အဖြေလွှာပေါ် မိမိ၏ စာမေးပွဲခုံအမှတ်ကို ပြင်ဆင်ရေးသားထား ကြောင်းတွေ့ရှိရပါက ထိုသို့မသမာသောနည်းကို အသုံးပြုသော ကျောင်းသားအား စာမေးပွဲဖြေဆိုခွင့်ရပ်ဆိုင်း၍ အဆိုပါပညာသင်နှစ် နှင့်နောက်ထပ်(၃)နှစ် စုစုပေါင်း(၄)နှစ် ကျောင်းမှထုတ်ပယ်မည်။
  • ကျောင်းသားတစ်ဦးသည် စာမေးပွဲအခန်းအတွင်း၌ဖြစ်စေ၊အပြင်၌်ဖြစ်စေကြီးကြပ်သူ ဆရာ/ ဆရာမ များအား ရိုင်းပြစွာပြောဆို ဆက်ဆံခြင်း၊ခြိမ်းခြောက်ခြင်း၊နှောင့်ယှက်ခြင်းပြုမူခဲ့ပါက ထိုကျောင်းသားအား စာမေးပွဲဖြေဆိုခွင့် ရပ်ဆိုင်း၍ အဆိုပါပညာသင်နှစ်နှင့် နောက်ထပ် ပညာသင်နှစ်(၁)နှစ် စုစုပေါင်း(၂)နှစ် ကျောင်းမှထုတ်ပယ်မည်။
  • စာမေးပွဲတွင် လူစားဝင်ရောက်ဖြေဆိုကြောင်းစစ်ဆေးတွေ့ရှိပါက စာမေးပွဲဖြေဆိုခွင့်ကို ရပ်ဆိုင်းပြီး သက်ဆိုင်ရာကျောင်းသား၊ကျောင်းသူအား စာမေးပွဲဖြေဆိုသည့် ပညာသင်နှစ်နှင့် နောက်ထပ်(၂)နှစ် စုစုပေါင်း (၃)နှစ်ကျောင်းမှထုတ်ပယ်မည်။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲထံ အကြောင်းကြား စာပေး ပို့မည်။ လူစားဝင်ရောက်ဖြေဆိုပေးသူအားလည်း ထိရောက်စွာ အရေးယူမည်။ လူစားဝင်ရောက် ဖြေဆိုပေးသူ သည်တက္ကသိုလ်ကျောင်သား၊ ကျောင်းသူဖြစ်ပါက ၎င်းအားလည်း ပညာသင်နှစ်(၃)နှစ်ကျောင်မှ ထုတ်ပယ်မည်။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲထံ အကြောင်းကြားစာပေးပို့မည်။ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့အကြောင်းကြားစာပေးပို့မည်။
စဉ်ပြစ်မှုများပြင်းထန်စွာ
သတိပေးခြင်း
ကျောင်းမှ
ထုတ်ပယ်ခြင်း
မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများကို သုံးစွဲခြင်း/ထားသိုခြင်း/ ရောင်းချခြင်း/ ဖြန့်ဖြူးခြင်း*
ပြစ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း **
နိုင်ငံပိုင်နှင့်ကျောင်းပိုင် အဆောင်အအုံများ၊ပစ္စည်းများ ဖျက်ဆီးခြင်း/ခိုးယူခြင်း/အဓမ္မယူခြင်း*
ဆရာမများ၊ကျောင်းသူများအား ကာယိန္ဒြေပျက်ပြားအောင် ပြောဆိုခြင်း/ပြုမူခြင်း/ လုပ်ဆောင်ခြင်း *
ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် အခြားပုဂ္ဂိုလ်များအား ဆဲရေးတိုင်းထွာခြင်း /ကြိမ်းဝါးခြင်း/နှောင့်ယှက်ခြင်း *
ဆရာ၊ဆရာမများက ဆိုဆုံးမသည်များကို မနာခံခြင်း **
ကျောင်းတွင်း၊ကျောင်းပြင် လောင်းကစားမှုကျူးလွန်ခြင်း **
စာသင်ခန်းအတွင်း/အပြင်သင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေရန် ပြောဆိုခြင်း/ ပြုမူခြင်း/ လုပ်ဆောင်ခြင်း **
ကျောင်းတွင်း/ကျောင်းပြင် ခိုက်ရန်ဖြစ်ပွားခြင်း **
၁၀ကျောင်းတွင်း/ကျောင်းပြင် အရက်သေစာ သောက်စားမူးယစ်ခြင်း **
၁၁ကျောင်းမှ အခါအားလျော်စွာ ချမှတ်ထားသော ကျောင်းစည်းကမ်းများကို မလိုက်နာခြင်း **
၁၂တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်များ၏ ဂုဏ်သိက္ခာ ညှိုုးနွမ်းထိခိုက်စေမည့်ကိစ္စရပ်များကို ပြောဆိုခြင်း/ပြုမူခြင်း/လုပ်ဆောင်ခြင်း **

၂၀၁၉ ပညာသင်နှစ် အဝေးသင်ကျောင်းသားစာရင်း

စဉ်အထူးပြုဘာသာပထမနှစ်ဒုတိယနှစ်တတိယနှစ်စတုတ္တနှစ်ပဉ္စမနှစ်စုစုပေါင်း
မြန်မာစာ၅၉၂၅၉၅၄၇၄၂၈၉၁၉၅၀
အင်္ဂလိပ်စာ၄၁၃၄၆၆၅၀၇၅၁၀၁၈၉၆
ပထဝီဝင်
၄၈၉၄၁၅၃၁၃၂၉၆၁၅၁၃
သမိုင်း
၅၇၄၄၇၀၄၂၄၂၈၅၁၇၅၃
ဒဿနိကဗေဒ၁၁၁၃၈၅၇၆၅၄၅၉၆၃၂၂၀
စိတ်ပညာ
၇၉၄၃၉၈၃၀၇၃၀၁၁၈၀၀
အရှေ့တိုင်းပညာ၃၄၃၁၂၆၂၆၃၂၁၇၁၅၄၁၁၀၃
ဥပဒေပညာ၄၇၂၆၁၂၁၅၁၀၀
ဓာတုဗေဒ၈၇၁၁၁၆၆၇၀၃၃၄
၁၀ရူပဗေဒ၁၂၂၁၁၄၇၉၅၂၃၆၇
၁၁သင်္ချာ၁၂၈၁၁၇၈၃၇၁၃၉၉
၁၂သတ္တဗေဒ
၄၃၃၀၃၃၂၁၁၂၇
၁၃ရုက္ခဗေဒ
၂၃၂၁၂၁၁၈၈၃
၁၁၄စီးပွားရေးပညာ
၂၀၂၂၃၁၁၆၁၅၉၄
၁၅စီးပွားစီမံ၄၆၄၀၆၉၁၅၅
၄၇၆၈၃၉၉၄၃၅၀၇၂၉၇၁၁၅၄၁၅၃၉၄
This website uses cookies and asks your personal data to enhance your browsing experience.