စာမေးပွဲနှင့်ဘွဲ့နှင်းသဘင်ဌာန

စာမေးပွဲကျင်းပခြင်း
ပထမနှစ်ဝက်စာမေးပွဲများကို မတ်လ တတိယပတ်တွင် လည်းကောင်း ၊ ဒုတိယ နှစ်ဝက် စာမေးပွဲများကို စက်တင်ဘာလ တတိယပတ် တွင်လည်းကောင်း ကျင်းပ ပါသည်။
အောင်စာရင်း
အောင်စာရင်းများကို ပုံမှန် နိုဝင်ဘာလတွင် အောင်စာရင်းနှင့် တစ်ပါတည်း ကျရှုံးစာရင်းကို လည်း ထုတ်ပြန်ကြေညာပေး ပါသည်။
အမှတ်စာရင်း
အောင်စာရင်းထွက်ပြီး ချက်ချင်း ဆောင်ရွက်နိုင်ပါသည်။ အမှတ် စာရင်းယူရန်မှာ ဘွဲ့ရပြီးသော ကျောင်းသား၊ကျောင်းသူများသည် ပထမနှစ်မှစတုတ္ထနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်းမှ တတိယနှစ် ဂုဏ်ထူးတန်း၊မဟာအရည်အချင်း စစ်သင်တန်း၊ မဟာတန်း ပထမနှစ်မှ မဟာတန်း ဒုတိယနှစ်တို့ ဖြစ်ပါသည်။ တစ်တန်းချင်းစီ Semester အလိုက် Module Name နှင့် သော်လည်းကောင်း၊ Semester အလိုက်အချုပ်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။
အမှတ်စာရင်းထုတ်ယူရန်
စာမေးပွဲနှင့် ဘွဲ့နှင်းသဘင် ဌာနတွင် လိုအပ်သော အချက် အလက်ပုံစံတွင် ဖြည့်စွက်ပြီး မှန်ကန်ကြောင်း စိစစ်၍ စာကြည့်တိုက်နှင့် ငွေစာရင်းဌာနတွင် ကျောင်းလခကြွေးကျန်ရှိ/ မရှိစစ်ဆေးရန်၊ ငွေစာရင်းတွင် အမှတ်စာရင်းကြေး ၂၅ဝိ/ကျပ်ပေးသွင်းရန် ၊ငွေသွင်းပြီးလျှောက်လွှာကို စာမေးပွဲနှင့် ဘွဲ့နှင်းသဘင် ဌာနသို့ ပြန်လည်ပို့ဆောင်ပြီးပါက အမှတ်စာရင်းကို တစ်ပတ်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
ယာယီဘွဲ့
အောင်စာရင်းထွက်ပြီး ဘွဲ့မအပ်နှင်းမီ ရယူ ဆောင်ရွက်နိုင်ပါသည်။
ယာယီဘွဲ့ထုတ်ယူရန်
၁ƒ " × ၂ " စတစ်ကာကပ်ပြီး ဓါတ်ပုံ (၃)ပုံ၊ မှတ်ပုံတင်မိတ္တူ (၁)စောင် နှင့် လိုအပ်သော လျှောက်လွှာပုံစံဖြည့်စွက်ပြီး မှန်ကန်ကြောင်း စိစစ်ရန်၊ စာကြည့်တိုက်နှင့် ငွေစာရင်းဌာန တို့တွင် ကျောင်းလခ ကြွေးကျန်ရှိ/မရှိ စစ်ဆေးရန် ၊ ငွေစာရင်းဌာနတွင် ယာယီဘွဲ့ ထောက်ခံစာကြေး ၂၅ဝိ/ကျပ်ပေးသွင်းရန်၊ ငွေသွင်းပြီးလျှောက်လွှာကို စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနသို့ ပြန်လည် ပို့ဆောင်ပြီးပါက တစ်ပတ်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
book
ဘွဲ့လျှောက်လွှာခေါ်ယူခြင်း
ဘွဲ့လျှောက်လွှာကို ဒီဇင်ဘာလတစ်လလုံး၊ ဒီဇင်ဘာ(၁)ရက်မှ (၃၁)ရက်နေ့အထိတင်သွင်းနိုင် ပါသည်။၁ƒ " × ၂ " စတစ်ကာကပ်ပြီး ဓါတ်ပုံ (၃)ပုံ၊ မှတ်ပုံတင်မိတ္တူ (၁)စောင် နှင့် လိုအပ်သော အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖြည့်စွက်ပြီး မှန်ကန်ကြောင်းစိစစ်ရန်၊ စာကြည့်တိုက်နှင့် ငွေစာရင်းဌာနတို့တွင် ကျောင်းလခ ကြွေးကျန်ရှိ/မရှိ စစ်ဆေးရန် ငွေစာရင်းဌာနတွင်ဘွဲ့ တက်ရောက်ယူလိုပါက တတ်ရောက်ဘွဲ့ကြေး ၁၅၀ဝိ/ကျပ်ပေးသွင်းရန် ၊ အဝေး ရောက်ဖြစ်ပါက အဝေးရောက်ဘွဲ့ အတွက် အဝေးရောက် ဘွဲ့ကြေး ၁၀ဝဝိ/ကျပ် ပေးသွင်းရန် ငွေသွင်းပြီး လျှောက်လွှာကို စာမေးပွဲနှင့် ဘွဲ့နှင်း သဘင်ဌာနသို့ ပြန်လည် ပို့ဆောင်ရန် ဖြစ်ပါသည်။
ဘွဲ့ဝတ်စုံထုတ်ခြင်း
ပုံမှန်ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ထုတ်ပေးပါသည်။
ဘွဲ့ဝတ်စုံထုတ်ယူရန်
ဘွဲ့ကြေး ငွေသွင်းထားသောဖြတ်ပိုင်းနှင့် မှတ်ပုံတင်မူရင်း ယူဆောင်လာရန်၊ ဘွဲ့နှင်းသဘင် ကော်မတီမှ သတ်မှတ်ထားသော ငွေကြေးမပေးသွင်းပြီးပါက မှတ်ပုံတင်မူရင်းပေးပြီး ဘွဲ့ဝတ်စုံငှားရမ်းနိုင်ပါသည်။ ဘွဲ့နှင်းသဘင်ပြီးပါက ဘွဲ့ဝတ်စုံငှားရမ်းဌာနသို့ ပြန်လည်အပ်နှံရန်၊ ဘွဲ့တက်ရောက်ယူမည့်သူများသည်

(၁) မြန်မာအမျိုးသားဝတ်စုံဝတ်ဆင်မည်ဆိုပါက စတစ်ကော်လာနှင့် တိုက်ပုံအင်္ကျီ၊ပုဆိုး ၊ကတ္တီပါဖိနပ်ဖြစ်ရပါမည်။(၂) အမျိုးသမီးဖြစ်ပါကမြန်မာအင်္ကျီဝတ်ဆင်ရပါမည်။(၃) တိုင်းရင်းသား ဝတ်စုံဝတ်ဆင်ပါက ဝတ်စုံပြည့်ဝတ်ဆင်ရပါမည်။(၄) ဥရောပ ဝတ်စုံဝတ်ဆင်ပါကလည်စီးပါရပါမည်။ (ကုတ်အင်္ကျီ၊သားရေရှူးဖိနပ်စီးရပါမည်)။ဘွဲ့အပ်နှင်းရက်မှာ ပုံမှန်ဖေဖော်ဝါရီလပထမပတ်တွင် ကျင်းပပါသည်။

စာမေးပွဲနှင့်ဘွဲ့နှင်းသဘင်ဌာန ဝန်ထမ်းအင်အား

စဉ်အမည်ရာထူး
၁။ ဒေါ်တင်လှအုန်း မော်ကွန်းထိန်း
၂။ဒေါ်ခင်မျိုးထွန်း လက်ထောက်မော်ကွန်းထိန်း
စဉ်အမည်ရာထူး
၁။ ဒေါ်ဂျာရာလု ဌာနခွဲစာရေး
၂။ ဒေါ်ငွားမာတား ဌာနခွဲစာရေး
၃။ ဦးဝင်းဇော်နောင်ဌာနခွဲစာရေး
စဉ်အမည်ရာထူး
၁။ ဒေါ်မြင့်မြင့်သန်းအကြီးတန်းစာရေး
၂။ ဒေါ်ဌေးဌေး အကြီးတန်းစာရေး
၃။ဒေါ်ယမင်းအေးအကြီးတန်းစာရေး
၄။ ဦးဇော်ခေါင်အကြီးတန်းစာရေး
၅။ ဦးဒေါင်ဂျုံးအကြီးတန်းစာရေး
၆။ ဒေါ်ဒေဘောရအကြီးတန်းစာရေး
၇။ ဒေါ်ဂျီးရာ အကြီးတန်းစာရေး
၈။ဒေါ်ဝတ်ရည်ဝင်းအကြီးတန်းစာရေး
၉။ ဒေါ်ရွယ်ဂျီးအကြီးတန်းစက်ရိုက်
စဉ်အမည်ရာထူး
၁။ ဒေါ်နူးနူးမိုင်အငယ်တန်းစာရေး
၂။ဒေါ်ဟိန်းသူဇာဦးစာကူးစက်လှည့်အကူ
၃။ ဒေါ်ဂျာပန်နူးရုံးအကူ
This website uses cookies and asks your personal data to enhance your browsing experience.