ရူပဗေဒ ဘာသာရပ်အသင်း ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့် ဆုချီးမြှင့်ပွဲ

မြစ်ကြီးနားတက္ကသိုလ်၊ ရူပဗေဒ ဘာသာရပ်အသင်း ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့် ဆုချီးမြှင့်ပွဲ ကို

၂၈.၂.၂၀၂၀ (သောကြာနေ့)၊ နံနက် (၈း၀၀) နာရီတွင်

မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်၊ ရူပဗေဒ အထူးပြု မောင်ငယ်၊ ညီမငယ် လေးများကို ရူပဗေဒ ဘာသာရပ် မိသားစု ဝင် ဆရာ/မ များနှင့် အကိုကြီး/ အမကြီးများ မှ လှိုက်လှိုက်လှဲလှဲ၊ ဝမ်းပန်းတသာ ကြိုဆို ပေးကြပါရန်

နံနက် (၈း၀၀) နောက်ဆုံးထားပြီး နေရာယူပေးပါရန် တိုက်တွန်း နိုးဆော်လိုက်ပါသည်။

ရူပဗေဒ အထူးပြု ကျောင်းသား/သူများ အားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

Leave a comment

This website uses cookies and asks your personal data to enhance your browsing experience.