မြစ်ကြီးနားတက္ကသိုလ် သမိုင်းအကျဉ်းချုပ်

မြစ်ကြီးနားတက္ကသိုလ်သည် (၁၅.၇.၁၉၆၃) ခုနှစ်တွင် မြစ်ကြီးနားဥပစာကောလိပ် အမည်ဖြင့် စတင်မွေးဖွားလာခဲ့သည်။ (၂၅.၅.၁၉၇၇) ခုနှစ်တွင် မြစ်ကြီးနားဒေသကောလိပ်သို့ တိုးမြှင့်လာခဲ့သည်။ (၁.၄.၁၉၈၀) ခုနှစ်တွင် မြစ်ကြီးနားကောလိပ်အဖြစ် ပြောင်းလဲခဲ့သည်။ (၁၂.၂.၁၉၈၆) ခုနှစ်တွင် မြစ်ကြီးနားဒီဂရီကောလိပ်သို့ တိုးမြှင့်ခဲ့သည်။ (၂၀.၂.၁၉၉၈) ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်အဖြစ် တိုးမြှင့်ခဲ့ပါသည်။ မြစ်ကြီးနားတက္ကသိုလ်၏ အကျယ်အဝန်းမှာ (၂၂၀.၇၈၈) ဧကကျယ်ဝန်းပြီး မြစ်ကြီးနားမြို့နယ် ၊ စီတာပူရပ်ကွက်တွင် တည်ရှိပါသည်။

thekachin
ရည်ရွယ်ချက်
လက်တွေ့သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများနှင့် ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် သုတေသနပြုလုပ်မှုများမှ တဆင့် နိုင်ငံတကာအဆင့်မီသော တက္ကသိုလ်တစ်ခု ဖြစ်ပေါ်လာစေရန် ဖြစ်ပါသည်။
Myitkyina University’s history timeline
လုပ်ငန်းတာဝန်များ
  • (၁) ထိရောက်သော သင်ကြားသင်ယူမှု စနစ်ဖန်တီးရန်
  • (၂) လူမျိုး ၊ ဘာသာ ၊ လိင် ခွဲခြားမှု မရှိဘဲ ပညာသင်လိုစိတ်ရှိသော မည်သူမဆို လွတ်လပ်စွာ ပညာသင်နိုင်သည့် ဝန်းကျင်ကောင်းဖန်တီးရန်
  • (၃) ပညာရေးနှင့် ပတ်သက်၍ ပြည်တွင်း ၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန်
  • (၄) သက်ဆိုင်ရာပညာရပ် နယ်ပယ်အလိုက် အသိပညာ ၊ အတတ်ပညာများနှင့် ပြည့်ဝသော ကျောင်းသားလူငယ်များ မွေးထုတ်ပေးရန်
  • (၅) ဒေသအကျိုးပြု အသုံးချသုတေသနများ ပေါ်ထွက်လာစေရန်
  • (၆) မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်သူများအဖြစ် လေ့ကျင့်မွေးထုတ်ပေးရန်
  • (၇) ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပြည်တွင်းပြည်ပ သက်မွေးပညာသင်ကျောင်းများနှင့် ချိတ်ဆက်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်
မျှော်မှန်းချက်
စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသော အဆင့်မြင့်ပညာရေးမှတဆင့် လူ့ဘောင်အဖွဲ့အစည်းက အစဉ်အားကိုး တန်ဖိုးထားရသော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာရန် ဖြစ်ပါသည်။
This website uses cookies and asks your personal data to enhance your browsing experience.